တပို့တွဲ လတွင်မွေးသောသူများ
❨ လဆန်း ၁ရက် မှ လဆုတ် ၁၅ရက် ❩
မွေးဖွားလာထဲက ကောင်းမွန်တဲ့ ကံကြမ္မာ
ကို ထွေးပိုက်ပြီး မွေးလာတဲ့ လူတွေလို့
ဆိုကြပါတယ် ။
တစ်သက်တာ ဖြစ်ပျက်သမျှ အဖြစ်အပျက်
မှန်သမျှ ဟာ ကိုယ့် အကျိုး အတွက်
ဖြစ်အောင် မိုးနတ်မင်း က ဖန်တီး
ပေးလေ့ ရှိတယ် ဆိုတဲ့ နမိတ်
ကို ဆောင်တဲ့ သူတွေပါ ။
လျှို့ဝှက် တတ်တဲ့ သဘာဝရှိပြီး ဘယ်သူ့
အကူအညီမှမလိုဘဲ ရပ်တည်နိုင်တဲ့သူမျိုး
တွေ ဖြစ်တာ ကြောင့် တစ်ခုခု ဆို သူများ
ကို တိုင်ပင်တာမျိုး မလုပ်တတ် ဘဲ
ကိုယ်ပိုင် အစွမ်းအစ နဲ့ ဖြေရှင်း
တတ်ကြပါတယ် ။
ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက် လာတဲ့ သူတွေ
ကိုလည်း အေးအေး ဆေးဆေး ပဲ တုံ့ပြန်
တတ်ပြီး မထင်မှတ်ထားတဲ့နည်းလမ်း
တွေနဲ့ အနိုင်ယူ တတ်တဲ့ သူတွေပါ ။
တခါတလေ ဆယ်ကျော်သက်လေးလို
စိတ်လှုပ်ရှားနေတတ်ပြီး၊ တခါတလေ
ကျရင်လည်း အရမ်းကိုအေးစက်ပြီး
စိတ်ဓာတ်ကြံ့ခိုင်တဲ့သူလိုဖြစ်နေ
တတ်ပါတယ် ။
ဒါကြောင့် သူတို့ကို ခန့်မှန်းဖို့ လုံးဝမလွယ်
တာပါ။ ပြီးတော့ သူတို့ကိုယ်တိုင်လည်း
စိတ်ခံစားချက်အပြောင်းအလဲတွေကို
ဖွင့်ဟပြောပြလေ့မရှိတာကြောင့်
ဘေးလူတွေက ဘယ်လိုမှမခန့်
မှန်းနိုင်တာ မဆန်းပါဘူး ။
အေးအေးဆေးဆေးနေတတ်ပြီး သူများတွေ
စိတ်ဆိုးနေချိန်မှာတောင် သူတို့က စိတ်ပြေ
အောင်နှစ်သိမ့်ပေးတတ်တဲ့သူမျိုးပါ ။
သို့သော် သူတို့ရဲ့ အားနည်းချက် ၊ သူတို့
တစ်သက်လုံးရှိခဲ့တဲ့ခံစားချက်နဲ့ပတ်သက်
လို့ ထိခိုက်မိသွားရင်တော့ ဟန်မဆောင်
နိုင်လောက်အောင် စိတ်ဆိုးဒေါသ
ထွက်နိုင်ပါတယ် ။
ဥပမာ – မိသားစုနဲ့ပတ်သက်လို့နာကျင်စရာ
ရှိနေတာကိုမသိဘဲ အဲ့ဒီအကြောင်းအရာနဲ့
ပတ်သက်လို့အထိနာအောင်
သွားပြောမိတာမျိုးပါ ။
အတွင်းထဲမှာ မြိုသိပ်ထားတာတွေ အရမ်း
များပါတယ်။ စေ့စပ်သေချာပြီး ဟာကွက်
မရှိလောက်အောင်ကို အနေအထိုင်
သိုသိပ်တဲ့သူတွေဖြစ်တာကြောင့်
သူတို့စိတ်ကို အရမ်း ခန့်မှန်း
ရ ခက်ပါတယ် ။
အလိုလိုက် ခံရတာကို ကြိုက်သူတွေ
ဖြစ်လို့ အမြဲ မာန နဲ့ နေတာပါ ။
သူတို့က အလိုလိုက် ခံရ
လေလေ မာနကြီးလေပါ ။
ဒါ့အပြင် မတရားတာကိုတော့ ဘယ်တော့မှ
လက်ပိုက် ကြည့်နေမယ့် အထဲမှာ မပါ
ပါဘူး ။ မတရားတာတွေကို လက်ပိုက်
ကြည့်နေတတ် သူမျိုး မဟုတ်ပါ ။
မတရားတာမြင်ရင် လက်ပိုက်ကြည့်နေ
တတ်သူမဟုတ်ပါဘူး။ ဘယ်လိုအခြေ
အနေမျိုးမှာဖြစ်ဖြစ် မတရားတာမြင်ရင်
ဝင်ကူညီတတ်ကြပါတယ်။ ဒီအချက်ကို
ကြည့်ရရင်တော့ လူကြီးဆန်ဆန်
တွေးမိတာကိုတွေ့မှာပါ ။
အချစ်ရေး မှာတော့ သူတို့ ကိုယ်တိုင်
မတရားတာမြင်ရင် ၀င်ကူညီပေးတတ်
သလို သူတို့ရဲ့လက်တွဲဖော်ကိုလည်း
သူတို့ဘက်ကနေ ရပ်တည်ပေးပြီး
ကူညီပေးစေချင်ကြပါတယ် ။
ကိုယ်ထင်ရာ ကိုယ်မှန်ရာလုပ်တတ်ကြတဲ့
သူတွေပါ။သူတို့အတွေးနဲ့သူတို့ပျော်ရွှင်ပြီး
သူတို့လုပ်ရပ်နဲ့သူတို့သက်တောင့်
သက်သာဖြစ်ကြပါတယ် ။
မှားခဲ့ရင်တောင် သူများတိုက်တွန်းလို့လုပ်လို့
မှားတာထက် ကိုယ်လုပ်ချင်ရာလုပ်ပြီးမှား
တာမို့လို့ သူတို့အတွက် ဘ၀က နေပျော်
နေပါတယ် ။
သူတို့တွေက လွတ်လပ်မှုကိုမြတ်နိုးပြီး
သူများလမ်းကြောင်းကိုလိုက်တာထက်
ကိုယ်တိုင်လမ်းကြောင်းထွင်ပြီးအားလုံး
ကိုဦးဆောင်ချင်တဲ့သူတွေလည်း
ဖြစ်ပါတယ် ။
တော်တဲ့ ၊ ထက်တဲ့ ၊ စမတ်ကျတဲ့သူတွေ
ဖြစ်ပါတယ် ။ ဒါပေမယ့် သူတို့ ရဲ့
လွတ်လပ်ခွင့် ကို ထိပါးလာရင်၊
ချုပ်ချယ်ဖို့ကြိုးစားလာရင်တော့
လုံးဝကိုသည်းမခံနိုင်တဲ့သူတွေ
ဖြစ်ပါတယ်။
စောင့်ဆိုင်းရတာကို လုံးဝစိတ်မရှည်တဲ့
သူတွေဖြစ်ပါတယ်။ တစ်ခုခုလုပ်ပြီးရင်
အကျိုးရလဒ်ကို ချက်ချင်းမြင်ချင်တဲ့၊ အခု
ရေတွင်းတူးပြီး အခုရေကြည်သောက်ချင်
တဲ့သူတွေ၊ ရည်မှန်းချက်တစ်ခု
မအောင်မြင် ရင် နောက်တစ်မျိုး
ကို ချက်ချင်းပြောင်းတတ်တဲ့
သူတွေ ဖြစ်ပါတယ်။
ကိုယ်လုပ်ဖို့ စဉ်းစားထားတဲ့အရာတွေကို
တစ်ယောက်ယောက်က ၀င်စွက်ဖက်
အကြံပေးတာမျိုးကို လုံးဝမကြိုက်ဘဲ
၁၀၀ ရာခိုင်နှုန်း ကိုယ့်အစွမ်းအစနဲ့ပဲ
လုပ်ချင်တဲ့စိတ်မျိုး ရှိတဲ့သူတွေဖြစ်လို့
တစ်ဖက်သားရဲ့ စေတနာကို
နားမလည်တဲ့သူတွေလိုမျိုး
ဖြစ်နေတတ်ပါတယ် ။
ခွဲခြမ်းစိတ်ဖြာတွေးတောနိုင်စွမ်း၊ ပြဿနာတစ်ခု
ကိုဆန်းစစ်နိုင်စွမ်းအရမ်းကောင်းလွန်းတာ
ကြောင့် အကြောင်းအရာ တစ်ခု ကို ကြား
လိုက်တာ နဲ့အဲ့ဒါက ဘယ်က အစပြု လာ
သလဲ၊ ဘယ်လိုဆက်ဖြစ်လဲ၊ အခုလက်ရှိ
ဘာဖြစ်နေနိုင်လဲ စသဖြင့် အနီးစပ်ဆုံး
တွေးနိုင်ကြပါတယ် ။
အကြောင်းအရာ အဖြစ်အပျက်တွေ ကို
ဆက်စပ်တွေးတောနိုင်စွမ်းကောင်းလွန်း
တာကြောင့် လူ တစ်ယောက် စကား
တစ်ခွန်းပြောလိုက်တာနဲ့ သူ့ရင်ထဲ
မှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ ကို
အနီးစပ်ဆုံး ခန့်မှန်းနိုင် ကြတာ
ကြောင့် တစ်ဖက်သား ကို
နားလည် ပေးနိုင်တဲ့ သူ
ဖြစ်နေတာပါ ။
ဘဝ တိုးတက်ဖို့ အတွက် နဲ့ အသိဥာဏ်
မြင့်မားဖို့ အတွက် အမြဲတစေအားထုတ်
ကြိုးပမ်းနေကြသူတွေ ဖြစ်ပါတယ် ။
တွေးခေါ် နိုင်စွမ်း မြင့်မား ကြပြီး မေးခွန်း
ထုတ်ရတာကို နှစ်သက်သူတွေလည်း
ဖြစ်ပါတယ် ။
မေးခွန်းတွေ တသီတတန်းကြီး မေးတတ်
ကြပြီး ကိစ္စတိုင်း အတွက် ထင်မြင် ယူဆ
ချက်ပေါင်း မြောက်များစွာ ရှိနေ တတ်ကြ
ပါတယ် ။ အားလပ်ချိန်တွေမှာဆို ပြတိုက်
နဲ့ စာကြည့်တိုက် တွေကို သွားရတာ
နှစ်သက် ကြပါတယ် ။
အရမ်း ဖြတ်ထိုးဥာဏ် ကောင်းပါတယ် ။
ဘယ် အချိန် မှာ ဘာ ပြော သင့်တယ် ၊
ဘာလုပ် သင့်လဲ ဆိုတဲ့ အခြေအနေ ၊
အချိန်အခါ ကို ကြည့်တတ်ခြင်း
မှာလည်း အရမ်းကို ပါးနပ်
လိမ္မာ တဲ့ သူတွေပါ ။
တည်တည်ငြိမ်ငြိမ်၊ အေးအေးဆေးဆေး
နေတတ်တဲ့သူတွေဖြစ်ပါတယ်။ ကိုယ်ပိုင်
ဥာဏ်ရည်နဲ့ အရာရာတိုင်းကို ကွန့်မြူး
နိုင်စွမ်းရှိတဲ့ သူတွေဖြစ်ပါတယယ် ။
သက်သေမခိုင်လုံပဲ ယုံတတ်တဲ့
သူတွေလည်း မဟုတ်ပါဘူး ။
လွတ်လပ်မှုကို အရမ်းနှစ်သက်တဲ့သူတွေ
ဖြစ်ပြီး တစ်ဖက်သား ကို ထိန်းချုပ်တာမျိုး
မလုပ်တတ် သူတွေ ဖြစ်ပါတယ် ။
တစ်ဖက်သားကိုလည်း ဘယ်လိုနေပါ၊
ဘာလုပ်ပါ ဆိုပြီး မပြောတတ် သလို
သူတို့ကို အဲ့လိုလာပြောတာမျိုးလည်း
သေလောက်အောင် မုန်းပါတယ် ။
ကိုယ်လုပ်မယ်လို့ စိတ်ကူးထားရင်တောင်
တစ်ယောက်ယောက်က အဲ့ဒါလုပ်ပါလား
လို့ လာပြောရင် လုပ်ချင်စိတ် မရှိတော့ဘဲ
လုံးဝ မလုပ်တော့တာ မျိုးပါ ။
စမတ် ကျပြီး နေတာ ထိုင်တာ လည်း
သပ်ရပ် တဲ့ သူတွေဖြစ်ပြီး လွတ်လွတ်
လပ်လပ် နေရတာကို သိပ်ကြိုက်တဲ့
သူတွေပါ ။ လွတ်လပ်မှု ကို
အနှောက်အယှက် ပေးတဲ့
သူတွေကို လုံးဝ သည်းမခံ
နိုင်ကြ ပါဘူး ။
သူတို့ရဲ့ စိတ်မရှည် တတ်တဲ့ ပုံစံ က သူတို့
ရဲ့ ကိုယ်ပိုင် အချိန် ကို နှောက်ယှက်တဲ့ သူ ၊
သူတို့ ကိုယ်ရေးကိုယ်တာတွေကို စပ်စုတဲ့
သူတွေကို စိတ်မရှည် ကြတာပါ ။
သူတို့ရဲ့ ခံစားချက်တွေကို ထုတ်မပြ တတ်တဲ့
သူတွေပါ ။ စစ တွဲချင်း မှာတော့ အသည်း
အသန် ချစ်ပြကောင်း ချစ်ပြမယ် ၊ ကြာလာ
တဲ့ အခါ အေးတိ အေးစက် ဖြစ်လာပြီး
တိတ်ဆိတ်မှု က သာ ကြီးစိုး သွား မှာ
ပါ ။ မချစ်တော့လို့ ဆိုတာ ထက် သူ့ရဲ့
ဗီဇ ကိုက ဒီလို ဖြစ်နေ တာပါ ။
အရမ်း လေးလေး နက်နက် ခံစား တတ်သူ
တွေပါ ။ အချစ် နဲ့ပတ်သက် လာရင်လည်း
လေးနက် လွန်းတာကြောင့် တစ်ဖက်သား
က သူတို့ရဲ့ ခံစားချက် အစစ်အမှန် ကို
သိလိုက် ရတဲ့ အချိန် မှာ ကြောက်လန့်
သွားတာမျိုး ဖြစ်တတ် ပါတယ် ။
သူတို့ ဘက်က လေးနက် သလောက်
တစ်ဖက် က အပျော်ကြံ မှာ စိုးရိမ်
နေတာ နဲ့ပဲ FA ဖြစ်သွား
နိုင်ပါတယ် ။
အရမ်း ခေါင်းမာ တဲ့ သူတွေ ဖြစ်ပြီး ဆုံးဖြတ်
ပြီးသွားရင် ဘယ်တော့မှ ပြန်ပြင်လေ့
မရှိတဲ့ သူတွေပါ ။ ဒီလို ခေါင်းမာလွန်း
တာကြောင့် အချစ်ရေး မှာ
အဆင်မပြေ နိုင်ပါဘူး ။
ဒါကြောင့် ချစ်သူ ထားတဲ့ အခါ ကိုယ့်ကို
အစစအရာရာ သည်းခံ ပေးနိုင်ပြီး ကိုယ့်
ကို ပြောင်းလဲဖို့ မကြိုးစားတဲ့ သူနဲ့မှ
အဆင်ပြေ မှာပါ ။
ဒီလို လူနဲ့ မတွေ့ရင်တော့ တစ်ကိုယ်တည်း
နေတာ ပိုကောင်း ပါတယ် ။
အပြင်ပိုင်း လှရုံတင် မကပဲ အတွင်းစိတ်
သဘောထား လည်း လှတဲ့ သူ တွေပါ ။
သူတို့ ရဲ့အဓိက ဆွဲဆောင်မှု ကတော့
ကိုယ့်အားကိုယ်ကိုးခြင်း ၊ လွတ်လပ်ခြင်း
နဲ့ ကိုယ်ပိုင် အတွေးအခေါ်ကောင်းတွေ
ရှိနေခြင်း ပါပဲ ။ ပေါင်းသင်းဆက်ဆံရေး
ကောင်းမွန် သလို သူတစ်ပါးကို ကူညီ
တတ်တဲ့ သူတို့ရဲ့ စိတ်ထားလေး က
သူတို့ကို ပိုပိုပြီးဆွဲဆောင်မှု
ရှိစေပါတယ် ။
သူတို့ရဲ့ ခံစားချက်တွေကို ထုတ်မပြတတ်တဲ့
သူတွေပါ။ စစတွဲချင်းမှာတော့ သူကအသည်း
အသန်ချစ်ပြကောင်းချစ်ပြမယ်၊ ကြာလာတဲ့
အခါ အေးတိအေးစက်ဖြစ်လာပြီး
တိတ်ဆိတ်မှုကသာ ကြီးစိုး
သွားမှာပါ။ မချစ်တော့လို့
ဆိုတာထက် သူ့ရဲ့ဗီဇ
ကိုက ဒီလို ဖြစ်နေ
တာပါ ။
ချစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့သူတို့ကို
ထိန်းချုပ်တာမျိုးကို လုံးဝမကြိုက်ပါဘူး။ သူတို့
ရဲ့ အရာရာကို ၀င်စွက်ဖက်ပြီး သူတို့ကို
အရမ်းထိန်းချုပ်ဖို့ကြိုးစားလာရင်
ဘယ်လောက်ချစ်တဲ့သူဖြစ်ဖြစ်
ချန်ထားခဲ့နိုင်ပါတယ် ။
ချစ်လို့ ချည်နှောင်ခံရတာကို အသည်းကွဲ
ရမှာထက် ပိုကြောက်တဲ့သူတွေပေါ့ ။
Surprise အရမ်းကြိုက်တဲ့သူတွေပါ ။ ဒီတော့
သူတို့ကို အမြဲ လိုလို အံ့အားသင့်စရာတွေ ၊
စိတ်လှုပ်ရှားစရာတွေ နဲ့ လုပ်နိုင်တဲ့ သူမျိုး
ကိုပဲ စိတ်ဝင်စား တတ်ကြတဲ့ သူတွေပါ ။
ဒီတော့ တော်ရုံဥာဏ်ကောင်းပြီး ကြိုးစားတဲ့
သူတွေမှ မဟုတ်ရင် သူတို့ကို လိုက်နိုင်တဲ့
သူက ရှားပါတယ် ။
✡အဂ္ဂမင်းဗေဒင်ဝန်ဆောင်မှု